ကျွန်ုပ်တို့အကြောင်း
Nishiki Language Centre သည် မြန်မာကျောင်းသား/သူများနှင့် လူငယ်များအတွက် ဂျပန်နိုင်ငံတွင် ပညာသင်ယူနိုင်ရေးနှင့် ဂျပန်ဘာသာစကား ကျွမ်းကျင်မှုရရှိစေရေးအတွက် ရန်ကုန်မြို့တွင် စနစ်တကျ ကူညီပံ့ပိုးပေးနေသော သင်တန်းကျောင်းနှင့် ဂျပန်ပညာရေးဆိုင်ရာ ဝန်ဆောင်မှုစင်တာ ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ Nishiki Language Centre တွင် အောက်ပါ ဝန်ဆောင်မှုများကို စနစ်တကျ ဝန်ဆောင်မှုပေးလျက် ရှိပါသည် -
- ဂျပန်ဘာသာစကား သင်တန်းများ: JLPT N5 အခြေခံအဆင့်မှသည် N2/N1 အဆင့်အထိ နှင့် လုပ်ငန်းခွင်သုံး ဂျပန်ဘာသာစကား သင်တန်းများ။
- JLPT စာမေးပွဲပြင်ဆင်ရေးနှင့် Job Training: စာမေးပွဲ အောင်မြင်ရေးအတွက် လေ့ကျင့်ပေးခြင်းနှင့် ဂျပန်နိုင်ငံ လုပ်ငန်းခွင်တွင် အမှန်တကယ် အသုံးဝင်မည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွမ်းမံသင်တန်းများ။
- ဂျပန်ပညာသင်သွားရောက်ရေး အစမှ အဆုံးအထိ ကူညီပေးမှု: ကျောင်းလျှောက်ထားခြင်း၊ ကျောင်းသားဗီဇာ လျှောက်ထားခြင်း၊ စာရွက်စာတမ်း ပြင်ဆင်ခြင်းနှင့် လူတွေ့စစ်ဆေးမှုအတွက် ပြင်ဆင်ပေးခြင်းများကို အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးခြင်း။
ဂျပန်နိုင်ငံရှိ တက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်း ကောလိပ်များတွင် တက်ရောက်လိုသူများအတွက် Nishiki Language Centre မှ အစမှ အဆုံးအထိ အကောင်းဆုံး လမ်းညွှန်ကူညီပေးသွားမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံသို့ သွားရောက် ပညာသင်ယူနိုင်ရေးအတွက် Nishiki Language Centre နဲ့အတူ ဒီနေ့ပဲ စတင်လိုက်ပါ။